AMAZING BAGO

Thursday, September 20, 2012

ကလျာဏီသိမ်တော် KALYARNI SIMA (Ordination-hall)

မဟာကလျာဏီသိမ်တော်ကြီးကျောင်း အ၀င်ဝ

မဟာကလျာဏီသိမ်တော် အုတ်မြစ်

မဟာကလျာဏီသိမ်တော်သို့ လမ်းညွှန်မြေပုံ


မဟာကလျာဏီသိမ်တော်ကျောင်းဝင်းရှိ စေတီတော်

မဟာကလျာဏီကျောက်စာတိုက်

မဟာကလျာဏီကျောက်စာချပ်များ

ကလျာဏီကျောက်စာချပ်




မဟာကလျာဏီသိမ်တော်

ကလျာဏီစေတီတော်

ကလျာဏီသိမ်တော်အတွင်းရှိ နတ်ရုပ်များ

ကလျာဏီသိမ်တော်အတွင်းရှိရုပ်ပွားဆင်းတုတော်

ကလျာဏီသိမ်တော်ဝင်းရှိ ခေါင်းလောင်း

ကလျာဏီသိမ်တော်ဝင်းရှိ ခေါင်းလောင်း

ကလျာဏီသိမ်တော်ဝင်းရှိရှေးဟောင်းရေတွင်း

ကလျာဏီသိမ်တော်ဝင်းရှိ ဘုန်းကြီးကျောင်း


မဟာကလျာဏီကျောက်စာချပ်မျာ

ကလျာဏီသိမ်တော်
         ဓမ္မစေတီမင်းကြီးသည် အမြော်အမြင်ကြီးစွာဖြင့် သာသနာတော် သန့်ရှင်းတည်တံ့စေရန် သာသနာတော်၏ မူလဘူတဖြစ်သော သိမ်ဆောက်လုပ်မှု၊ သိမ်တွင်ရဟန်းခံမှုကိုပင် ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်းမရှိအောင် အသေးစိတ် စီမံဆောင်ရွက်ခဲ့သည်။ သီဟိုဋ်ကျွန်းသို့မသွားမီကပင် ရဟန်းသံဃာတော်များအနက် အပြစ်ကြီးမရှိသော်လည်း အနည်းငယ်ကဲ့ရဲ့စွပ်စွဲခံရဖူးကြောင်း သိရသည့်မထေရ်များကို ထုတ်ပယ်ပြီး၊ အပြစ်မဲ့သည့် ကြွင်းကျန်သောမထေရ်တို့နှင့် ပဉ္စင်းငယ်ခြောက်ပါးတို့ကိုသာ သိမ်သမုတ်စေခဲ့သည်။
       ဓမ္မစေတီမင်းကြီးသည် လောကုတ္တရာစာပေများကို ကျွမ်းကျင်နှံ့စပ်ပြီး၊ ရဟန်းဘ၀တွင် ပိဋိကတ်သုံးပုံကို အာဂုံဆောင်ခဲ့သူဖြစ်သည်။ နှလုံးရည်၊ လက်ရုံးရည်နှင့်လည်း ပြည့်ဝသည်။

Thursday, March 22, 2012

ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး


ရွှေသာလျောင်းဘုရားအဝင်
အဝင်မုခ်ဦး
ရွှေသာလျောင်းဘုရားကြီး
ရွှေသာလျောင်းဘုရားကြီး
ဗုဒ္ဓဝင်ပန်းချီများ
ခြေတော်ရာရှိစက်လက္ခဏာများ
ဘုရားဝင်းအတွင်းရှိ လောကပါလနတ်ရုပ်ထု







   
    The Shwe-thar-lyaung Image stands as a landmark of Bago, wonderfully executed to match the image of overwhelming proportions.It is said to be the largest Reclining Buddha Image in the world, measuring 180 feet in length and 52 ½  feet in height.
Legend of the Reclining Buddha
Tradition says that the Reclining Buddha Image was built in 994 A.D. by the King Mingadhipa(J.r).He was an animist. To get a wild game for animistic sacrifice, he ordered his son prince to go out for hunting.
While hunting in a forest,the prince met a Mon girl namely Dala Htaw near the edge of the forest.She was a devout Buddhist.The prince fell in love with her.He promised her that he would embrace Buddhism and married her and brought her to the palace.
Dalla Htaw became the chief consort of the crown prince, very much honoured and cherished. At the palace, Dala Htaw refused to worship the animistic idols.She kept a Buddha statue in her chamber and worshiped it daily.
This naturally caused jealously among the other wives, who looked for a way to bring about her downfall.It did not take them long to discover that she was a Buddhist and that she was performing her devotions in secret.
That Dalla, the crown prince’s chief consort did not follow the customs of worshipping the spirit images, nor take part in the rituals, was reported to the king.He was greatly offended.He had Dalla brought before him and in the presence of his courtiers, he commanded her to bow down to the images of the spirits.So, Dalla knelt, the pantheon of spirits images facing her and the king ordering her to bow down to them.Black-robed executioners armed with swords stood around her, ready to do their duty.
Dalla clasped her hands and with her mind firmly concentrated on the attributes of the Buddha and his teachings, she bowed down to the spirit images, as if unable to stand the pure thoughts permeating Dalla’s mind, fell down from their altars and broke into pieces.
The king, seeing the miracles, was filled with fear and remorse for having wronged a worshipper of the Buddha.He declared himself a Buddhist on the spot and proclaimed that all the sacrificial rituals must be stopped.Dalla was showered with honours.Later, the king, to commemorate his conversion, built the reclining Buddha image, not only of prodigious dimensions but also of sublime beauty, on the very spot where the spirit images fell down. 
Discovery after years of oblivion
The great image lay for many centuries in ruins until King Dhammaceti renovated it in the 15th century.Later King Bayintnaung, the builder of Mahazedi Pagoda, carried on with the maintenance work.It fell into neglect again and lay completely in ruins buried underneath the jungle growth.
It was only in the last years of the 19th century that it was discovered by accident.The recently established British government planned to extend the railroad to Pegu.The constructor responsible for supplies for the works found an immense mound of  bricks in the woodlands.The contractor decided to avail himself of the opportunity.
With the gradual clearing of the jungle shrubs, the original form of the image was revealed, to the great excitement of the Buddhist community.Filled with wonder and religious fervor, they at once took steps to stop the sacrilege.The next thing was to restore the great image to its former grandeur and glory.
A discovery of an ancient Buddhist monument always has a tremendous effect on the devotees.It is neither interest in antiquity nor intellectual motivation that moves people to gather round the scene in large numbers.It is sheer exultation over a miracle one is privileged to see.The discovery of the reclining Buddha image was, to the Buddhists, a grand opportunity to give their unstained service for its repair materials to the work site.
The overwhelming faith and enthusiasm of the people very soon turned the mound of ruined bricks into a thing of awe-inspiring beauty,the reclining Buddha image of today.In 1906, after the undergrowth had been cleared away, an ironta-zaung was erected over the Buddha.Although the ta-zaung detracts from the view of the statue inside, the pavilion does protect the Buddha from the elements.The statue was most recently renovated in 1948, when it was re-gilded and painted.



           ရှင်ပင်သာလျောင်း (ခ) ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး
ရွှေသာလျောင်းရုပ်ပွားတော်မြတ်သည် အလျားပေ ၁၈၀၊တတောင်ဆစ်မှ ဦးခေါင်းတော်အထိ ဥာဏ်တော် ၅၂ပေ၊မျက်နှာတော် ၂၂ပေ၊နားတော် ၁၅ပေ ရှိသည်။၎င်းသည် ပဲခူးမြို့ ကလျာဏီရပ်ကွက်တွင် စံပယ်တော်မူလျက်ရှိပြီး၊ မွန်အမျိုးသမီး ဒလထော်က သက္ကရာဇ် ၃၅၆တွင် တည်ထားကိုးကွယ်ခဲ့သည်။
ဟံသာဝတီမင်း(၁၃)ဆက်မြောက်ဖြစ်သော မိဂါဒိပ္ပမင်းငယ်သည် မိစ္ဆာအယူဝါဒကို လွဲမှားစွာကိုးကွယ်ခဲ့၏။တနေ့တွင် မင်းကြီးကသားတော်မင်းသားအား ယဇ်ပူဇော်ရန် တောကစားထွက်စေခဲ့သည်။မင်းသားသည် တောကစားထွက်ရာလမ်းခရီး တောစပ်အနီး၌ ဗုဒ္ဓဘာသာကိုးကွယ်သော မွန်အမျိုးသမီး ဒလထော်နှင့် တွေ့ဆုံမေတ္တာမျှခဲ့သည်။ထို့နောက် သားတော်မင်းသားက  ဒလထော်အား ဗုဒ္ဓဘာသာကိုးကွယ်ပါမည်ဟု ကတိပြုကာ၊သိမ်းပိုက်တော်မူပြီးနောက် နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။နန်းတော်သို့ရောက်ပြီးနောက် ဒလထော်သည် မိစ္ဆာရုပ်ကိုမကိုးကွယ်ဘဲ၊မိမိအဆောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ထားရှိကိုးကွယ်ခဲ့သည်။
ဒိဋ္ဌိလွှမ်းမိုးသော မှူးမတ်တို့၏ ဂုံးချောမှုကြောင့် ဘုရင်ကြီးသည် မင်းသား၊ဒလထော်နှင့်တကွ အပေါင်းပါတို့အား ကွပ်မျက်ယဇ်ပူဇော်ရန် အမိန့်ချမှတ်ခဲ့သည်။
ယဇ်ပူဇော်ပွဲကြီး၌ ဒလထော်မင်းသမီးသည် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီး သစ္စာဆိုလိုက်ရာ နတ်ရုပ်ကြီးသည် အပိုင်းပိုင်းပြတ်ကျသွားလေသည်။
ထိုအခါမှ မိဂါဒိပ္ပမင်းကြီးသည် အယူမှားသည့်ဒုက္ခမှ ကင်းဝေးပယ်ပျောက်မှုကြောင့် အမြင်မှန်ရရှိပြီးသကာလ၊သားတော်နှင့်ချွေးမတော်တို့အား ကွပ်မျက်ခြင်းမှကင်းလွတ်စေသည်။
ဒလထော်သည် ယဇ်ပူဇော်ကိုးကွယ်လျက်ရှိသော ယောက္ခမတော် ဟံသာဝတီမင်း မိဂါဒိပ္ပအား ဗုဒ္ဓမြတ်စွာ၏ တရားစစ် တရားမှန်များကို ဟောကြားအောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးကို တည်ထားခဲ့ခြင်းဖြစ်သည်။
ဘုရင့်နောင်မင်းတရားလက်ထက်တွင် ပျက်စီးနေသောရုပ်ပွားတော်ကိုဖျက်၍ အတောင်(၁၂၀)ရှိသော ရုပ်ပွားတော်မြတ်ကြီးကို ပြန်လည်ပြုပြင်ပြီး ဓာတ်တော်နှင့်တကွ ဘုရားဆင်းတုတော်များကို ဋ္ဌာပနာခဲ့ပြန်သည်။
နှစ်ကာလကြာမြင့်သည်နှင့်အမျှ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးသည် ခြုံနွယ်တို့ဖုံး၍ တောင်ကုန်းသဖွယ် သီတင်းသုံးနေတော်မူခဲ့ရသည်။သက္ကရာဇ်(၁၂၄၂)ခုနှစ်တွင် ရန်ကုန်-ပဲခူးမီးရထားလမ်းဖောက်ရန် အုတ်ဖုတ်သည့်အခါ ရုပ်ပွားတော်မြတ်ပေါ်တော်မူခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများက ရှေးမူမပျက် ပြန်လည် မွမ်းမံတည်ထားခဲ့သဖြင့် ယနေ့တိုင်အောင် ကြည်ညိုဖွယ်ရာ ဖူးမြင်နေကြရပါသည်။



Friday, February 24, 2012

ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးဘုရား

ဘုရားမုခ်ဦးအဝင်
                                                   

ရွှေအောင်ရွေးစေတီတော်


ရွှေအောင်ရွေးစေတီတော်ပေါ်သို့တက်ရာ စင်္ကြံလမ်း


ရွှေအောင်ရွေးစေတီတော်


ရွှေအောင်ရွေးစေတီတော်၏ ဆံတော်ကိန်းရာ ဋ္ဌာပနာတိုက်


ရွှေအောင်ရွေးစေတီတော်၏ ဆံတော်မြတ် ပန်းချီကား


ရွှေအောင်ရွေးစေတီတော်ရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်ကို အနီးကပ်ဖူးမြင်ရစဉ်


ရွှေအောင်ရွေးစေတီတော်ရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်ကို အနီးကပ်ဖူးမြင်ရစဉ်


ရွှေအောင်ရွေးစေတီတော်ရှိ တရားဦးဓမ္မစကြာဟောကြားတော်မူပုံ ရုပ်ပွားတော်


ရွှေအောင်ရွေးစေတီတော်အတွင်းမှ တံခွန်တိုင်နှင့် ဟင်္သာရုပ်



ရွှေအောင်ရွေးစေတီတော်မှ ရွှေမော်ဓောစေတီတော်ကို လှမ်းမျှော် ဖူးမြင်ရစဉ်


ရွှေအောင်ရွေးစေတီတော်ပတ်ဝန်းကျင်မှ စေတီများ








ရွှေအောင်ရွေးစေတီတော်အတွင်းမှရုပ်ပွားတော်


ရွှေအောင်ရွေးစေတီတော်မှ နတ်နန်း


ရွှေအောင်ရွေးစေတီတော်ပေါ်သို့တက်ရာ ဓာတ်လှေကား


            ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးဘုရား

      ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးဘုရားသည် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ခမွန်ဘော ကုန်းတော်ပေါ်တွင်တည်ရှိသည်။ ပဲခူးအရှေ့ဘက် မြို့ရိုးအလယ်တည့်တည့်တွင် တည်ရှိပြီး၊ရွှေမော်ဓောငယ်(ခေါ်) ရွှေအောင်ရွေးဘုရား ဟုလည်းခေါ်ဆိုကြသည်။
      ခရစ်သက္ကရာဇ် (၁၄၈၃) ခုနှစ်တွင် ဓမ္မစေတီမင်းကြီးက သမိန်ပရမ်းအမတ်ကြီးအား သံတမန်အဖြစ် ခန့်အပ်ကာ သီဟိုဠ်မင်းနှင့် သံဃရာဇာတို့ထံစေလွှတ်ခဲ့သည်။ထိုအခါ သီဟိုဠ်မင်းသည် ဆံတော်မြတ်တစ်ဆူနှင့် စွယ်တော်ပွားနှစ်ဆူကို ဓမ္မစေတီ မင်းထံ ပြန်လည်ဆက်သခဲ့သည်။
      ဓမ္မစေတီမင်းကြီးသည် အတုပါလသာသနာပိုင်ဆရာတော်ကြီးအား ပြသခဲ့ရာ ဘုရားရှင်၏ ဆံတော်မြတ်အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ရွှေမော်ဓောစေတီတော်ကြီး၏ အရှေ့တောင်ဘက် ခမွန်ဘော ကုန်းတော်ပေါ်၌ ခရစ်သက္ကရာဇ် (၁၄၈၃) ခုနှစ်တွင် စေတီတည်ခဲ့ပြီး ဆံတော်မြတ်ကို ဋ္ဌာပနာတော်မူခဲ့သည်။ ခရစ်သက္ကရာဇ် (၁၄၈၃)၊ သက္ကရာဇ် (၈၄၅)ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့တွင် ထီးတော်တင်ပွဲကျင်းပကာ ရွှေမော်ဓောငယ် ဟုသမုတ်ခဲ့သည်။       
       ခရစ်သက္ကရာဇ် (၁၅၆၄) ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ဖိနပ်တော်ထိ အက်ကွဲပြိုကျခဲ့သည်။ ယင်းစေတီတော်ကို ခရစ်သက္ကရာဇ် (၁၅၆၆)၊ သက္ကရာဇ် (၉၂၈) ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၈) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် အုတ်မြစ်စီ မင်္ဂလာပြုလုပ်၍ ပြန်လည်တည်ဆောက်တော်မူခဲ့သည်။၎င်းနှစ် တပေါင်းလပြည့်ကျော် (၅)ရက်၊ စနေနေ့တွင်ပြီးစီး၍ ဆံတော်ရှင် စူဠာမုနိ ဟုဘွဲ့သစ် သမုတ်တော်မူခဲ့သည်။
       ခရစ်သက္ကရာဇ် (၁၅၆၇)၊ သက္ကရာဇ် (၉၂၉) ခုနှစ်၊ တန်ခူးလဆန်း (၁၃) ရက်နေ့တွင် ထီးတော်တင် လှူခဲ့သည်။ကျောင်းနှင့် ဇရပ်တို့ကိုလည်း စေတီ၏ မြောက်ဘက်တွင် တည်ဆောက်လှူဒါန်းခဲ့သည်။ ကျောင်းမှာယခု ရွှေအောင်ရွေးကျောင်းဖြစ်သည်။
       ခရစ်သက္ကရာဇ် (၁၅၉၀) ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ငှက်ပျောဖူးကွဲကာ ထီးတော် မြေခခဲ့သဖြင့် ငါးဆူဒါယကာမင်းသည်  ခရစ်သက္ကရာဇ် (၁၅၉၁)၊ သက္ကရာဇ် (၉၅၃) ခုနှစ်၊ ဝါဆို လတွင်ငှက်ပျောဖူးကို ပြုပြင်၍ ထီးတော်အသစ် တင်လုခဲ့သည်။
         ခရစ်သက္ကရာဇ် (၁၆၃၂) ခုနှစ်တွင် သာလွန်မင်းတရားကြီးသည် စေတီတော်အား အင်္ဂတေအသစ် နှင့်ထပ်မံ ပူဇော်ခဲ့သည်။
           ခရစ်သက္ကရာဇ် (၁၉၃၀) ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် စေတီတော်ခေါင်းလောင်းပုံ အထက်ပိုင်း ပြိုကျပျက်စီးခဲ့ရ ပြန်သည်။ ထိုအပျက်အစီးများအား ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားပြီး
အုတ်များဖယ်ရှားရာမှ ခရစ်သက္ကရာဇ် (၁၉၇၇)ခုနှစ်တွင် ဆင်ပျံရတနာရုပ်ထုနှင့် တွဲလျက်ဌာပနာပြု
လုပ်ပူဇော်ထားသော ဗုဒ္ဓဆံတော်မြတ်အား ရှာဖွေတွေ့ရှိခဲ့သည်။
              အဆိုပါ ဆံတော်မြတ်အား ကြခတ်ဝိုင်း ဆရာတော်ဘုရားကြီးနှင့် ရွှေအောင်ရွေး ဆရာတော်ကြီးတို့၏ သြဝါဒနှင့်အညီဆံတော်ရှင်မြတ်စေတီကို ပြန်လည်တည်ဆောက်ရေးအဖွဲ့ ဖွဲ့၍ တည်ထားကိုး ကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေး ဘုရားစေတီ တော်မြတ်ကြီးအား (၂၆-၂-၂၀၀၇) ရက်နေ့မှ (၂-၃-၂၀၀၇)ရက်နေ့အထိ တပေါင်းလဆန်း (၁၁) ရက်မှ တပေါင်းလပြည့်နေ့အထိ (၅) ရက်တိုင် တိုင် ပွဲတော်ကျင်းပပြီး တင်လှူပူဇော်ခဲ့သည်။
            
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အစစ်အား အနောက်ဘက်မုခ်တွင် အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေငါးနာရီအထိ လာရောက် ကြည်ညိုပူဇော်နိုင်ရန် ဖွင့်လှစ်ထားပါသည်။                                                                                                                                                                                                                                                                                  

Sunday, February 5, 2012

Kyaik-pun Pagodas (ကျိုက်ပွန်ဘုရားကြီး)

ကျိုက်ပွန်ဘုရားကို ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်မှ ဖူးမြင်ရစဉ်

ကျိုက်ပွန်ဘုရား အ၀င်မုခ်ဝ

ကျိုက်ပွန်လေးမျက်နှာ ဘုရား
ကျိုက်ပွန်လေးမျက်နှာ ဘုရား
ကျိုက်ပွန်လေးမျက်နှာ ဘုရား

ကျိုက်ပွန်လေးမျက်နှာ ဘုရား

ကျိုက်ပွန်လေးမျက်နှာ ဘုရား

ကျိုက်ပွန်လေးမျက်နှာ ဘုရား

ကျိုက်ပွန်လေးမျက်နှာ ဘုရားဝင်းအတွင်းမှ ခေါင်းလောင်းတော်

ကျိုက်ပွန်ဘုရားဝင်းအတွင်းမှ ဘိုးတော်များဓာတ်နန်း

ကျိုက်ပွန်ဘုရားဝင်းအတွင်းမှ တံခွန်တိုင်

ကျိုက်ပွန်တောင်ပိုင်း ဘိုးဘိုးကြီးနတ်နန်း

ကျိုက်ပွန်ဘုရားဝင်းအတွင်းမှ အလှူဒါယကာမင်းမြတ် ဓမ္မစေတီမင်းတရား၏ ဓာတ်နန်းတော်

ကျိုက်ပွန်ဘုရားဝင်းအတွင်းမှ အလှူဒါယကာမင်းမြတ် ဓမ္မစေတီမင်းတရား၏ ဓာတ်နန်းတော်

 ဓမ္မစေတီမင်း ဓာတ်နန်းအတွင်းမှ ဂါထာတော်

ကျိုက်ပွန်ဘုရား ကျောက်စာတိုင်

ကျိုက်ပွန်ဘုရား ကျောက်စာတိုင်

ကျိုက်ပွန်ဘုရားအနီးတွင် တည်ထားသော မဟာမြင်သာစေတီတော်






                      Kyaik-pun Pagoda
                                                                                                                   
     Next is the Kyaik-pun Pagoda, which is in the form of four gigantic Buddha Images all in all sitting posture. They are placed back to back against a massive brick piller.This unusual and impressive pagoda is only a few hundred feet off the Yangon-Bago road.
     It was built by King Dhammaceti in 1476 A.D.The pagoda is unique because the images suffer no man-made object between them and the vaulted sky. There they repose in magnificient grandeur, in all weather, fair or foul.They are kept in a fair state of preservation. Kyaik-pun pagoda is situated amidst the lush rugged countryside strewn with  a large number of ancient ruins, many of them under repair.Whatever history says,legend tells a different story and a more interesting one.
     One upon a time, there were four beautiful virgins, richly endowed with wealth.Natuarally they were beleaguered by ancient suitors,who are becoming more and more of a nuisance,as the sisters were not inclined to worldly life and pleasure.They were more bent on religious life.
     So the four sisters agreed to take a vow of life-long celibacy and commemorate the event by building four sitting Buddha images; on each image would be the name of the sister and her irrefutable vow ending with the words: “If ever I break this vow may this image crumble down to earth, a symbol of shame and disgrace on me.”
     For some time there was peace; that was until the youngest sister broke the vow and the image bearing her name crumbled to the ground.She died unable to face the shame and disgrace.The crumbled image, people say, has been left like that to this day.


                   ကျိုက်ပွန်ဘုရား
ကျိုက်ပွန်ဘုရားကြီးသည် ပဲခူးမြို့၏ အနောက်တောင်ဘက် ပဲခူး-ရန်ကုန် ကားလမ်းမကြီး၏ အနောက်ဘက်တွင်တည်ရှိကြီး ဥဿာမြို့သစ် ဧရိယာအတွင်းတွင် ပါဝင်ပါသည်။”ကျိုက်ပွန်”သည် မွန်ဘာသာ အခေါ်အဝေါ်ဖြစ်ပြီး မြန်မာဘာသာအားဖြင့် “ကျိုက်”သည် “ဘုရား”ဟုအဓိပ္ပာယ်ရပြီး၊”ပွန်”သည် “လေး”ဖြစ်၍ “ဘုရားလေးဆူ”ဟု ခေါ်တွင်သည်။