|
|
|
|
|
မြသာလျောင်းဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးမှ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ စက်လက္ခဏာတော် |
မြသာလျောင်းဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးမှ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ စက်လက္ခဏာတော် |
နဂါးရုံဘုရား |
ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွားတော်၏ ခေါင်းရင်းတော်ကန် တောင်ဘက်တွင် တည်ရှိသည်။ ဦးခေါင်းတော်မှာအရှေ့ဘက်သို့ ခေါင်းပြုတော်မူပြီး အရှေ့အနောက် လဲလျောင်းတော်မူဟန် ဖြစ်ပါသည်။
ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့သော မိဂါဒိပ္ပမင်းကပင်တည်ထား
ကိုးကွယ်ခဲ့သည်။ သို့သော်လည်း စစ်ဘေးစစ်ဒဏ် ငလျင်ဘေးနှင့် ဘုရားဖျက်၊ဌာပနာဖောက်သူတို့၏ ဒဏ်ကြောင့် ဘုရားမှာ ပျက်စီးခဲ့ရပြီး အုတ်ခုံသာကျန်ရှိခဲ့သည်။
ရန်ကုန်မှရှေ့နေဒေါ်ခင်ကြည်က မတည်အလှူငွေ(အမေရိကန်ဒေါ်လာတစ်သိန်း)ဖြင့် စတင်
လှူဒါန်းတည်ဆောက်ခဲ့ရာ(၅-၃-၂၀၀၆)(၁၃၆၇)ခုနှစ်၊တပေါင်းလဆန်း(၇)ရက်နေ့တွင် ဓာတ်တော်၊မွေ
တော်၊ရုပ်ပွားတော်များကို ဌာပနာထည့်သွင်းလှူဒါန်းခဲ့သည်။
နောင်တော်ကြီး မြသာလျောင်းဘုရား၏ အတိုင်းအတာများမှာ........
၁။ အလျားတော် -၂၇၀ ပေ
၂။ အမြင့် - ၆၃ ပေ
၃။ ဦးခေါင်းတော် - ၄၅ ပေ
၎။ မျက်နှာတော်အရှည် - ၂၉ ပေ ၉ လက်မ
၅။ ဦးခေါင်းတော်လုံးပတ် - ၇၄ ပေ ၈ လက်မ
၆။ မျက်လုံးတော်အရှည် - ၆ ပေ ၆ လက်မ
၇။ မျက်ခုံးတော်အရှည် - ၁၁ ပေ
၈။ မျက်လုံးတော်အကျယ် - ၁၂ ပေ
၉။ နှာခေါင်းတော်အရှည် - ၈ ပေ
၁၀။ နားရွက်တော်အရှည် - ၁၇ ပေ
၁၁။ နားတော်အကျယ် - ၆ ပေ ၄ လက်မ
၁၂။ နဖူးတော်အကျယ် - ၇ ပေ
၁၃။ လည်ပင်းတော်လုံးပတ် - ၅၄ ပေ ၆ လက်မ
၁၄။ လည်ပင်းတော်အမြင့် - ၅ ပေ ၅ လက်မ
၁၅။ လက်တော်များ
(က) လက်မတော် - ၈ ပေ ၇ လက်မ
( ခ ) လက်ညှိုးတော် - ၁၃ ပေ ၇ လက်မ
( ဂ ) လက်ခလယ်တော် - ၁၃ ပေ ၉ လက်မ
(ဃ) လက်သူကြွယ်တော် - ၁၃ ပေ ၆ လက်မ
( င ) လက်သန်းတော် - ၁၃ ပေ ၅ လက်မ
( စ ) လက်ဖျံတော်အရှည် - ၃၂ ပေ
၁၆။ ခြေဖဝါးတော်
(က) ခြေဖဝါးတော်အရှည် - ၃၂ ပေ
( ခ ) ခြေဖဝါးတစ်ဘက်အကျယ် - ၉ ပေ
( ဂ ) ခြေဖဝါးနှစ်ဘက်အမြင့် - ၁၈ ပေ
၁၇။ ခြေချောင်းတော်များ
(က) ခြေမတော်အရှည် - ၇ ပေ ၄ လက်မ
( ခ ) ခြေညိုးတော်အရှည် - ၈ ပေ ၄ လက်မ
( ဂ ) ခြေခလယ်တော်အရှည် - ၈ ပေ ၆ လက်မ(ဃ) ခြေသူကြွယ်တော်အရှည် - ၆ ပေ ၉ လက်မ
( င ) ခြေသန်းတော်အရှည် - ၆ ပေ ၄ လက်မ
ရွှေသာလျောင်းရုပ်ပွားတော်ထက် ပေ(၉၀)ရှည်လျားတော်မူပြီး ရွှေသာလျောင်းဘုရားအဝင်
တွင် တင့်တယ်စံပယ်စွာ ဖူးတွေ့ရမည် ဖြစ်သည်။ ရှေးနောင်တော်ကြီးဘုရားအုတ်ခုံမှတူးဖော်ရရှိသော ရှေးဟောင်းဘုရားများအား ဇရပ်ဆောက်လုပ်ကာ ပြသထားပါသည်။
No comments:
Post a Comment