ကျိုက်ကလွန်ပွန်း စေတီတော်မြတ်ရှိ ဓမ္မာရုံအတွင်းမှ ဟံသာဝတီခေတ် မင်းမြတ်တို့၏ နန်းစံနှစ်ကို ဖော်ပြသည့် ကားချပ်
ကျိုက်ကလွန်ပွန်း စေတီတော်
တိဿမင်းကြီးသည် သုဘဒ္ဒါမိဖုရား၏
စည်းရုံးဦးဆောင်မှုကြောင့် ကျိုက်ပေါဘုရား(၇)ဆူကို တည် ထားပြီး မင်းနှင့်ပြည်သူအပေါင်းတို့သည်
မပြတ်ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။စေတီတော်ကိုလည်း စိန်ဖူးတော်မှ ဖိနပ်တော်အထိ ရွှေသင်္ကန်းအပြည့်ချလျက်
သံဃာတော်အပါးငါးထောင်တို့အား ဆွမ်း ခဲဖွယ်ဘောဇဉ်များ လှူဒါန်းခဲ့သည်။
တိဿမင်းကြီးသည် ရုပ်ပွားတော်၊ဆင်းတုတော်တို့၏
အံ့ဖွယ်တန်ခိုးတော်ကို ဖူးမြင်ရပြီးနောက် ဗုဒ္ဓသာသနာကို ပိုမိုကြည်ညိုလာခဲ့သည်။ထို့ကြောင့်
သုဘဒ္ဒါမိဖုရားကြီးနှင့် မတွေ့မီက ဗုဒ္ဓရုပ်ပွား တော်များကို မြစ်ချောင်း၊အင်းအိုင်များတွင်
ပစ်ချထားခဲ့မှုအား နောင်တကြီးစွာ ရလာခဲ့သည်။ထို့ကြောင့် မင်းကြီးသည် မိဖုရားကြီးနှင့်အတူ
လူအပေါင်းတို့အား မသင့်တော်သော အရပ်ဒေသ၊မြစ်ချောင်း အင်း အိုင်စသည်တို့၌ စွန့်ပစ်ထားသော
ဗုဒ္ဓရုပ်ပွားတော်များကို ဆယ်ယူတော်မူပြီး ဟံသာဝတီမြို့၏ မြောက် ဘက်ရေကန်သို့ယူ၍ ကန်ရေဖြင့်
ဆေးကြောသန့်စင်စေသည်။ထို့နောက် အမွှေးအကြိုင်၊ နံ့သာရေတို့ ဖြင့် ပက်ဖြန်းကာ ဋ္ဌာပနာပြီး
စေတီတည်ထား ကိုးကွယ်ခဲ့သည်။ယခင်က အမြင်မှောက်မှားမှုကြောင့် ဗုဒ္ဓဆင်းတု ရုပ်ပွားတော်များကို
ဖျက်ဆီးလျက် မြစ်ချောင်းများအတွင်း စွန့်ပစ်စေခဲ့သည့် မိမိ၏အပြစ် ကို သိမြင်လာခဲ့ရာမှ
ပြင်းစွာသော သတိသံဝေဂစိတ် ဖြစ်ပေါ်လာခဲ့သည်။ဖျက်ဆီးလွှင့်ပစ်စေခဲ့သော ရုပ်ပွားဆင်းတုတော်များကို
ရှာဖွေစုဆောင်း ပင့်ဆောင်စေခဲ့သည်။
အထူးသဖြင့် ရွှေမြို့တော်၏ အရှေ့ဘက်ပင်လယ်ပြင်၌
ပစ်ချဖျက်ဆီးခဲ့သော ရုပ်ပွားဆင်းတု တော်များမှာ အလွန်များပြားကြသည်။ပြန်လည်ရှာဖွေစုဆောင်းရာတွင်
အစုအပုံအားဖြင့် တစ်ရာနှင့် လေးပုံ ရှိသည်။အဆိုပါ ဆင်းတုရုပ်ပွားတော်များမှာ အမြင်အားဖြင့်
မတင့်တယ်၊အသွင်အားဖြင့် ကြည် ညိုဖွယ်မကောင်းခြင်းတို့ကြောင့် ၎င်းတို့အား ဋ္ဌာပနာထားပြီး
စေတီတည်ရသော် ကောင်းလေစွဟု တိုင် ပင်ခဲ့ကြသည်။
တိဿမင်းကြီးနှင့် မိဖုရားတို့သည် အဆိုပါ တစ်ရာ့လေးပုံရှိသော
ရုပ်ပွားတော်များအား ဋ္ဌာပနာကာ သံတောင်(၈၅)တောင်၊(၂)မိုက် အမြင့်ရှိသော စေတီတော်ကြီးအား
တည်ထားပြီး၊စိန်ဖူးတော်မှ ရွှေပြား အထိ ရွှေအပြည့် ချထားခဲ့သည်။အလားတူ ရွှေဆင်းတု၊ငွေဆင်းတု၊
ကြေးဆင်းတု၊ကျောက်ဆင်းတု၊မြ ဆင်းတု၊မဟူရာဆင်းတု၊နံ့သာဖြူဆင်းတု၊နံ့သာနီဆင်းတုတော်၊ကရမက်ဆင်းတု
စသော အဖိုးအတိုင်း မသိသော ရတနာဆင်းတု၊နံ့သာဆင်းတုတော် တစ်သောင်းကိုလည်း ဋ္ဌာပနာပူဇော်ခဲ့သည်။
စေတီတော်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင် ရေစက်ချပွဲကို
သံဃာတော်အပါး(၅၀၀၀) ပင့်ဆောင်ပြီး ဆွမ်း၊ကွမ်း၊ပရိက္ခရာအစုံစုံတို့ကို လှူဒါန်းကာ (၇)ရက်တိုင်တိုင်
အောင်ပွဲဆင်ယင်ကျင်း ပခဲ့သည်။စေတီတော်မြတ်ကြီး၏ ဘွဲ့တော်ကိုလည်း ကျိုက်ကလွန်ပွန်းဟု
ကမ္ပည်းထိုး ခဲ့သည်။"အပုံ တစ်ရာ့လေးပုံဘုရား"ဟု အဓိပ္ပာယ်ဆောင်သည်။(ကျိုက်-ဘုရား၊ကလန်-တစ်ရာ၊ပွန်း-လေး
ဖြစ သည်။ )"အပုံတစ်ရာ့လေးပုံဘုရား" ဖြစ်သည်။အချို့ကမူ အမြင့်သံတောင်တစ်ရာရှိ၍
"အလံတစ်ရာဘုရား"ဟု ခေါ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား
သက္ကရာဇ်(၄၀၇)ခုနှစ်၊အေဒီ (၁၀၄၅
)၊တော်သလင်းလဆန်း(၁၂)ရက်နေ့ နံနက်တွင် အောင်မြင်စွာပြီးစီး တည်ထား ခဲ့သည်။စေတီ တော်မြတ်ကြီးသည်
ဟံသာဝတီ ပထမခေတ်တွင် မင်းနှင့်ပြည်သူတို့၏ အထူးအလေးထား ကြည် ညိုမှုကို ခံခဲ့ရသဖြင့်
ရွှေရောင်တ၀င်းဝင်းဖြင့် ရွှေမြို့တော်၏ မြို့ဦး၊မြို့ထိပ်ဖြစ်သော သင်္ဘော ဆိပ်ဦး တွင်
တည်ရှိသောကြောင့် ဟံသာဝတီမြို့တော်၏ ကျက်သရေဆောင် စေတီတော်မြတ်ကြီး ဖြစ်ခဲ့ပေ သည်။ထို့နောက်
ဒုတိယဟံသာဝတီခေတ်တစ်လျှောက်လုံးအထိ "သင်္ဘောဘုရား"ဟု ခေါ်ဆိုခဲ့ ကြောင်း သိရပေသည်။တစ်နည်းအားဖြင့်
မွန်ဘာသာဖြင့် "ဇွဲကယ်"ဟု ခေါ်ဆိုသည်။
ဟံသာဝတီခေတ်သည် ထိုစဉ်အခါက အရှေ့နှင့် အနောက်
ကုန်စည်ကူးသန်း ရောင်းဝယ်ရေး၊ နိုင်ငံ ခြားသင်္ဘောများ ဆိုက်ကပ်ရပ်နားရာ သင်္ဘောဆိပ်တစ်ခု
ဖြစ်ခဲ့သည်။ကျိုက်က လွန်ပွန်းစေတီ တော်မြတ်ကြီး တည်ရှိရာနေရာတ၀ိုက်သည် ဟံသာဝတီရွှေမြို့တော်၏
သင်္ဘောဆိပ်တစ်ခု ဖြစ် ခဲ့သည်။လက်ရှိမြေမျက်နှာပြင် အနေအထားအရ စေတီတော်ကြီး၏ အရှေ့ဘက်သည်
နိမ့်ဆင်းလျှက် ရှိပြီး တစ်ချိန်က ပင်လယ်ကမ်းစပ်ဖြစ်ခဲ့ဟန် တူသည်။
ဘုရားကြီးပြန်လည်တည်ဆောက်ရေး ဂေါပက၏ သြ၀ါဒစရိယ
သက်တော်(၉၂)နှစ်ရှိ ရွှေဘုံဆင့် ဆရာတော်ဘုရား၏ မိန့်ကြားချက်အရ ဆရာတော်ဘုရား၏ ငယ်စဉ်ဘ၀တွင်
ဤအရှေ့ဘက် တစ်ခွင် သည် ရေများဖြင့် ပြည့်လျှံနေသော လဟာပြင်ကြီးဖြစ်ကြောင်း၊လယ်ယာများလုပ်ကိုင်ခဲ့သည်မှာ
မကြာ လှသေးကြောင်း သိရှိရပါသည်။
န၀ဒေး၏ ရတုအဆိုအရ ကျိုက်ကလွန်ပွန်း စေတီတော်မြတ်ကြီးသည်
ရွှေမြို့တော်၏ အရှေ့ မြောက်ထောင့်တွင် တည်ရှိကြောင်း၊စေတီတော်၏ ၀န်းကျင်ဋ္ဌာနသည် ကြည်လင်သောရေပြင်နှင့်
ကြာ မျိုးငါးပါးတို့ဖြင့် ကြည်နူးဖွယ်သော ရေကန်တို့သည်လည်းကောင်း၊မွှေးရနံ့သင်းပျံ့သော
သစ်ပင်ပန်း မန်များရှိသော တောတောင်များဖြင့် ၀န်းရံလျက် ပျော်ရွှင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
ဒုတိယဟံသာဝတီခေတ်တွင် ဘုရင့်နောင်မင်းတရားကြီးသည်
မြို့တော်အသစ်တည်ကာ နန်း မြို့၊ကျုံး၊မြို့ရိုးများ ပြောင်းရွှေ့သွားရာ ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးမှာလည်း
မြို့ပြင်နေရာ ၌တည်ရှိကာ လူသူအရောက်အပေါက်နည်းသွားခဲ့ရသည်။
တစ်ဖန် ရွှေမြို့တော်၏ မြစ်ဆိပ်မှာလည်း ဟံသာဝတီမြို့တော်၏
အနောက်ဘက်သို့ ပြောင်း ရွှေ့ရောက်ရှိသွားခဲ့သည်။ယခု ပဲခူးတံတားထိပ်(ပန်းလှိုင်ဆိပ်)
ဖြစ်ပါသည်။ထို့ကြောင့် ကျိုက်ကလွန် ပွန်းစေတီတော်မှာလည်း မြို့ပြင်တောရိပ် တောင်ရိပ်တို့အလယ်တွင်
မြို့စွန်ဘုရားအဖြစ် ရောက် ရှိသွားခဲ့ရသည်။
ဒုတိယဟံသာဝတီခေတ်တွင် ဗညားဦးမင်းသည် စေတီတော်ကြီးအား
မူလဥာဏ်တော်ကို မြှင့် တင်လျက် အတောင်(၇၀)အထိ ပြန်လည်ပြုပြင် တည်ဆောက်၍ ထီးတော်အသစ်
တင်လှူခဲ့သည်။
ဓမ္မစေတီမင်းကြီးသည် ဗညားဦး တည်ထားခဲ့သည့် စေတီတော်ကြီးအား
အတောင်သုံးဆယ် ထပ် မံမြှင့်တင်၍ အတောင်(၁၀၀)ပြည့် စေတီတော်မြတ်ကြီးအဖြစ် ပြန်လည်တည်ထား
တော်မူသည်။ခရစ် သက္ကရာဇ်(၁၁၈၂)၊မြန်မာသက္ကရာဇ်(၈၂၆)ခု ကဆုန်လပြည့်နေ့တွင် ထီးတော်အသစ်
တင်လှူ ပူဇော် တော်မူခဲ့သည်။
ဘုရင့်နောင်မင်းတရားသည် ခရစ်သက္ကရာဇ်(၁၅၅၈)ခုနှစ်တွင်
ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံ အထိပြိုကျခဲ့သည့် စေတီမြတ်ကြီးအား ဗညားဣန္ဒကို ကြီးကြပ်ပြင်ဆင်တော် မူစေသည်။ပြင်ဆင်ပြီး၍
ခရစ်သက္ကရာဇ်(၁၅၆၆)တွင် ဘုရင့်နောင်မင်းတရားကြီးကိုယ်တော်တိုင် အလှူကြီးပေးလှူကာ ရေစက်
သွန်းလောင်းတော်မူခဲ့လေသည်။
မြန်မာသက္ကရာဇ်(၉၂၈)ခုနှစ်၊ခရစ်သက္ကရာဇ်(၁၅၆၆)တွင်
ဘုရင့်နောင်မင်းတရားကြီးသည် တာ ၀န်း(၃၄၀၀)ရှိ ခိုင်ခံ့သော မြို့ရိုး၊နက်ကျယ်သော ကျုံးမြောင်း၊တင့်တယ်သော
တန်ဆောင်း၊ ပြအိုး၊မုခ် တံခါးနှင့် ပစ္စင်၊မြို့ရိုး၊တာ တို့ဖြင့် ဟံသာဝတီမင်းနေပြည်တော်ကြီးကို
တည်ဆောက် ခဲ့သည်။၎င်းနေ ပြည်တော်ကြီးအတွင်းဝယ် ရတနာကိုးပါးဖြင့် မွမ်းမံခြယ်လှယ်အပ်သော
အသရေလှပတင့်တယ်သည့် ရွှေရောင်၊စိန်ရောင် တပြောင်ပြောင်တို့ဖြင့် ထွန်းလင်းတောက်ပသည့်
ကမ္ဘောဇသာဒီ နန်းမြို့တော်ကြီး ကိုလည်း တည်ဆောက်ခဲ့သည်။မြို့သစ်တည်ဆောက်ကာ ခရစ်သက္ကရာဇ်(၁၅၆၆)တွင်
မြို့ဟောင်းမှ မြို့သစ်သို့ ပြောင်းရွှေ့စံတော်မူသည်။
ခရစ်သက္ကရာဇ်(၁၆၆၀)တွင် ပေါ်တူဂီလူမျိုး ငဇင်ကာသည်
ရာမညတိုင်းတစ်ခွင်ရှိ ဘုရား၊ကျောင်း ကန်၊ဇရပ်၊ပုထိုး၊စေတီတော်တို့မှ အဖိုးတန်ကျောက်မျက်ရတနာများ၊
ရွှေထည်၊ငွေထည်၊ကြေးထည် များနှင့် သံထည်များကို ဖျက်ဆီးယူငင်မှုကြောင့် စေတီတော်မြတ်ကြီး၏
ထီးတော်မှာလည်း ဖြုတ်ယူ ခြင်းခံခဲ့ရသည်။
အနောက်ဘက်လွန်မင်းတရားကြီးသည် သက္ကရာဇ်(၁၆၂၉)တွင်
ထီးတော်နှင့်ကင်းကွာနေသော ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ထပ်မံ၍ ထီးတော်အသစ်
တင်လှူခဲ့သည်။
သာလွန်မင်းတရားကြီးသည် အေဒီ(၁၆၂၉)မှ (၁၆၃၄)အထိ
ဟံသာဝတီနေပြည်တော်ဝယ် (၅)နှစ် တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့သည်။(၁၆၃၄)ခုနှစ်တွင် ဟံသာဝတီမှ
အင်းဝသို့ ပြောင်းရွှေ့စိုး စံတော်မူသည့် အတွက် ဟံသာဝတ်ီသည် မင်းနေပြည်တော်မှ ရွေ့လျောကျကာ
တတိယဟံသာဝတီ ဇာတ်သိမ်းသွား ခဲ့ရသည်။
အေဒီ(၁၇၀၀)တွင် ဆင်ဝန်ဦးအောင်လှသည် ဆင်များရှင်ဘွဲ့ကိုခံယူလျက်
အင်းဝကို ပုန်ကန်ခြား နားပြီး၊ဟံသာဝတီကို ပြန်လည်ထူထောင်ခဲ့သည်။သို့သော် ဗြမိုင်းဓိရာဇ်လက်ထက်
အေဒီ (၁၇၅၇) ခု နှစ်တွင် အလောင်းမင်းတရားကြီး၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဘုရင့်နောင်မင်းတရား
လက်ထက် က တန်ခိုးအာဏာဖြန့်ကျက်ခဲ့သော ဟံသာဝတီနေပြည်တော်ကြီးမှာ နိဂုံးချုပ်ခဲ့ရသည်။
ဟံသာဝတီခေတ် မင်းအဆက်ဆက်တို့ တည်ထားကိုးကွယ်ခဲ့သည့်
ကျိုက်ကလွန်ပွန်း စေတီ တော်မြတ်ကြီးအပါအ၀င်၊ဘုရားစေတီ ပုထိုးများမှာ ရွှေရောင်ကင်း၍
ထုံဖြူသင်္ကန်းပင် မကပ်နိုင်ခဲ့ပေ။ ဗဟိုအုပ်ချုပ်ရေးနှင့် ကင်းကွာပြီး၊မကြာခဏ ပုန်ကန်ထကြွမှုများကြောင့်လည်း
မြို့တော် ဟောင်းကြီး မှာ ဖုန်ဆိုးတောပမာ ဖြစ်ခဲ့ရသည်။ဘုရားစေတီ၊ကျောင်းကန်၊ဇရပ်များမှာလည်း
လူသူကင်းပြီး၊သစ်ပင် ခြုံနွယ်များအလယ် မျက်နှာငယ်ခဲ့ရသည်။
ပဲခူးမြို့သည် ခရစ်သက္ကရာဇ်(၈၂၅)ခုနှစ် သမလမင်းလက်ထက်မှ
ခရစ်သက္ကရာဇ်(၁၀၄၃) ခုနှစ် အ ထိ၊မင်းဆက်(၁၇)ဆက် အုပ်စိုးပြီးနောက် အနော်ရထာမင်းလက်ထက်မှစ၍
ပုဂံလက်အောက်ခံ ဖြစ် လာခဲ့သည်။စောလူးမင်းလက်ထက် ပဲခူးမြို့စားမှာ ငရမကန်းခေါ် ရာမာခန်ဖြစ်သည်။
ဟံသာဝတီမင်းဆက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
နန်းတက်သက္ကရာဇ်
(၁)သမလမင်း ၈၂၅ ခုနှစ်
(၂)၀ိမလမင်း ၈၃၇ ခုနှစ်
(၃)အဿကုမ္မာ ၈၅၄ ခုနှစ်
(၄)အရိန္ဒမမင်း ၈၆၁ ခုနှစ်
(၅)မဟိ
ံသရာဇာ ၈၆၈ ခုနှစ်
(၆)မိဂိန္ဒရာဇာ ၉၀၂ ခုနှစ်
(၇)မိဂါဒိပ္ပမင်းကြီး ၉၁၇ ခုနှစ်
(၈)ဂိဇ္ဇဒီယရာဇာ ၉၃၂ ခုနှစ်
(၉)ကရ၀ိကရာဇာ ၉၄၂ ခုနှစ်
(၁၀)ပဉ္စလရာဇာ ၉၅၄ ခုနှစ်
(၁၁)အတ္တသာရမင်း ၉၆၇ ခုနှစ်
(၁၂)အနုရာမမင်း ၉၈၂ ခုနှစ်
(၁၃)မိဂါဒိပ္ပမင်းငယ် ၉၉၄ ခုနှစ်
(၁၄)အဂ္ဂသမန္တရာဇာ ၁၀၀၄ ခုနှစ်
(၁၅)ဥပ္ပလရာဇာ ၁၀၁၆ ခုနှစ်
(၁၆)ပုဏ္ဏရိကရာဇာ ၁၀၂၈ ခုနှစ်
(၁၇)တိဿရာဇာ ၁၀၄၃
ခုနှစ်
|
No comments:
Post a Comment