|
မဟာကလျာဏီသိမ်တော်ကြီးကျောင်း အ၀င်ဝ |
|
မဟာကလျာဏီသိမ်တော် အုတ်မြစ် |
|
မဟာကလျာဏီသိမ်တော်သို့ လမ်းညွှန်မြေပုံ |
|
မဟာကလျာဏီသိမ်တော်ကျောင်းဝင်းရှိ စေတီတော် |
|
မဟာကလျာဏီကျောက်စာတိုက် |
|
မဟာကလျာဏီကျောက်စာချပ်များ |
|
ကလျာဏီကျောက်စာချပ် |
|
မဟာကလျာဏီသိမ်တော် |
|
ကလျာဏီစေတီတော် |
|
ကလျာဏီသိမ်တော်အတွင်းရှိ နတ်ရုပ်များ |
|
ကလျာဏီသိမ်တော်အတွင်းရှိရုပ်ပွားဆင်းတုတော် |
|
ကလျာဏီသိမ်တော်ဝင်းရှိ ခေါင်းလောင်း |
|
ကလျာဏီသိမ်တော်ဝင်းရှိ ခေါင်းလောင်း |
|
ကလျာဏီသိမ်တော်ဝင်းရှိရှေးဟောင်းရေတွင်း |
|
ကလျာဏီသိမ်တော်ဝင်းရှိ ဘုန်းကြီးကျောင်း |
|
မဟာကလျာဏီကျောက်စာချပ်မျာ |
ကလျာဏီသိမ်တော်
ဓမ္မစေတီမင်းကြီးသည်
အမြော်အမြင်ကြီးစွာဖြင့် သာသနာတော် သန့်ရှင်းတည်တံ့စေရန် သာသနာတော်၏ မူလဘူတဖြစ်သော သိမ်ဆောက်လုပ်မှု၊ သိမ်တွင်ရဟန်းခံမှုကိုပင်
ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်းမရှိအောင် အသေးစိတ် စီမံဆောင်ရွက်ခဲ့သည်။ သီဟိုဋ်ကျွန်းသို့မသွားမီကပင်
ရဟန်းသံဃာတော်များအနက် အပြစ်ကြီးမရှိသော်လည်း အနည်းငယ်ကဲ့ရဲ့စွပ်စွဲခံရဖူးကြောင်း သိရသည့်မထေရ်များကို ထုတ်ပယ်ပြီး၊
အပြစ်မဲ့သည့် ကြွင်းကျန်သောမထေရ်တို့နှင့် ပဉ္စင်းငယ်ခြောက်ပါးတို့ကိုသာ သိမ်သမုတ်စေခဲ့သည်။
ဓမ္မစေတီမင်းကြီးသည်
လောကုတ္တရာစာပေများကို ကျွမ်းကျင်နှံ့စပ်ပြီး၊ ရဟန်းဘ၀တွင် ပိဋိကတ်သုံးပုံကို အာဂုံဆောင်ခဲ့သူဖြစ်သည်။ နှလုံးရည်၊ လက်ရုံးရည်နှင့်လည်း
ပြည့်ဝသည်။
သိမ်သမုတ်ရာအရပ်၌ ရှေးဟောင်းသိမ်မရှိလျှင် သိမ်သမုတ်ပါက အောင်မြင်သည်။ရှေးဟောင်းသိမ်ရှိလျှင်
ရောယှက်ခြင်းဖြစ်ပြီး၊သိမ်သမုတ်က မအောင်မြင်ဟုသိရှိသည့်အတိုင်း သိမ်မသမုတ်မီ ရှေးဦးစွာ
သိမ်နှုတ်ခြင်းပြုရန် ဆောင်ရွက်သည်။သိမ်နမိတ်သတ်မှတ်ထားရာ နေရာအတွင်း၌ အလျား/အနံအားဖြင့်
ငါးတောင်ရှိသောနေရာကို မြေဖြူဖြင့် အကွက်လိုက်ရေးဆွဲမှတ်သားစေသည်။ထိုသို့မှတ်သားပြီးမှ
အပြစ်မဲ့ရွေးချယ်ထားသော မထေရ်ကိုးပါး၊ပဉ္စင်းငယ်ငါးပါး၊ ပေါင်းဆယ့်လေးပါးကို ပင့်ဖိတ်ပြီး
သိမ်နှုတ်ကံဆောင်စေသည်။ပဋ္ဌမအကွက်တွင် ဆယ့်လေးပါးသောရဟန်းတို့ကို နေစေပြီး အရပ်ခုနစ်မျက်နှာတို့၌
ကမ္မ၀ါခုနစ်ကြိမ်ရွတ်ဖတ်စေသည်။
ထို့နောက်
ဒုတိယအကွက်မှစ၍ အဆုံးကွက်ထိတိုင်အောင် ကမ္မ၀ါဖတ်စေပြီး၊ဒုတိယအကြောင်း၌ ပဋိလုံအားဖြင့်
အဆုံးကွက်မှစ၍ အစကွက်ထိတိုင်အောင် ကမ္မ၀ါဖတ်စေသည်။ဤသို့ဖြင့် အနုလုံ၊ပဋိလုံအားဖြင့်
အကြောင်းတိုင်းအကွက်စေ့အောင် ရွတ်ဖတ်စေပြီး သီမာသမူ ဟနုနကံကိုဆောင်ရွက်စေခဲ့သည်။ထိုသိမ်နှုတ်ကံသည်
နတ်တော်လဆန်းခုနစ်ရက်၊စနေနေ့တွင် ပြီးဆုံးအောင်မြင်ခဲ့သည်။
ခရစ်နှစ်(၁၄၇၆)ခု၊နတ်တော်လဆန်း(၈)ရက်နေ့တွင်
ဓမ္မစေတီမင်းကြီးသည် နံနက်စောစော သိမ်သမုတ်မည့်နေရာသို့သွားပြီး ထောင့်လေးတောင့်တွင်
တိုင်းလေးတိုင်ကိုစိုက်ထူသည်။၎င်းအပြင် တူရူအရပ်လေးမျက်နှာတို့၌လည်း အနည်းငယ်ရှုံ့၍ နယ်နမိတ်တိုင်ရှစ်တိုင်ကို
အတွင်းကြိုးတား၍ အပိုင်းအခြားထင်ရှားစေရန် အနက်တစ်ထွာခန့်မြောင်းငယ်တူးစေပြီး၊အတွင်း
အပြင် မရောယှက်စေရန် သစ်ကိုင်းသစ်ခက်တို့ကိုဖြတ်စေပြီး အမျိုးမျိုးတန်ဆာဆင်စေသည်။ထို့နောက်
မထေရ်မြတ်(၁၄)ပါးကို အရှေ့အရပ်မှစ၍ အစဉ်အတိုင်းအရပ်မျက်နှာအလိုက် နိမိတ်(၈)ကြိမ်တိုင်အောင်
ဖတ်ကြားစေခြင်း၊ထပ်၍ဖတ်ကြားစေခြင်း၊စပ်မိအောင်ပြု၍ (၃)ကြိမ်တိုင်တိုင် လှည့်လည်၍ဖတ်ကြားစေသည်။
ထို့နောက်
သိမ်သမုတ်မည့် ဂါမခေတ်ပတ်ဝန်းကျင်တွင် တံခွန်ကုက္ကားများလွှင့်တင်ခြင်း၊စည်ကြီးသံ၊ခရုသင်းသံတို့ကို
တီးမှုတ်စေသည်။ခရီးသွားရဟန်းများအား တားမြစ်ခြင်း၊ဂါမခေတ်ဒေသမှရဟန်းများ အခြားဒေသသို့
သွားလာခြင်းမရှိစရန် အစောင့်အရှောက်များ၊မြင်းသည်တော်များ၊ခြေမြန်တော်များစေလွှတ်ပြီး
အခြားရဟန်းများမရှိကြောင်း သေချာသောအခါ သီမာသမ္မုတိကမ္မ၀ါကို ဋ္ဌာန်ကရိုဏ်းပီသအောင် (၇)ကြိမ်တိုင်အောင်ရွတ်ဖတ်စေပြီး
သီမာသမ္မုတိကံကို ပြီးဆုံးစေသည်။ကံပြီးလျှင်ပြီးချင်း စည်မောင်း(၃)ကြိမ်တီးခေါက်ပြီး
ကြွေးကြော်မှုဖြင့် ရပ်တန့်စေသည်။ဤသို့ဖြင့် ခရစ်နှစ်(၁၄၇၆)ခု၊နတ်တော်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင်
သိမ်သမုတ်ကံပြီးစီးအောင်မြင်ခဲ့လေသည်။သိမ်၏အမည်ကိုလည်း သီဟိုဋ်ကျွန်း၌ ဘုရားရှင်ရေသပ္ပာယ်တော်မူရာ
ကလျာဏီမြစ်၌ ဥဒကုက္ခေပသိမ်စီရင်၍ ပဉ္စင်းခံခဲ့သောရဟန်းတို့သမုတ်သောကြောင့် ကလျာဏီသိမ်ဟူ၍
အမည်ပေးတော်မူလေသည်။
KALYARNI SIMA (Ordination-hall)
King Dhammaceti, also known as
Ramadhipati(1472-92 AD), one of the cleverest and wisest rulers of the Second
Hantharwaddy dynasty, was a fervent promoter of Buddhism. He sent a mission of
monks to Ceylon (Sri-lanka now) in 1475 A.D where they were, once again,
initiated into the Order and received re-ordination in the presence of the
members of Mahavihara sect in Kalyani Sima which was founded by the apostle
Mahinda in 259B.C (3rd Century B.C). The purpose of the mission was
to establish on exact basic ordination of a canonically valid monastic succession
of the Mon monk order and the grand ceremony was held in accordance with the
heart-core ethical codes and rites of Buddhism. On their return to Hantharwaddy
kingdom, the monks brought the holy-sand from the Kalyarni river in Ceylon and
had a proper site consecrated after spreading the sand over that ground,
followed by the erection of the first Sima of this kind in this land of
pagodas. Sima means Ordination-Hall.
The original structure of the Sima was a prototype of the famous Kalyani
Sima in Ceylon and repaired by the mighty king Bayintnaung. In 1612 A.D, a new
building was constructed to replace it by King Anakphetlun. The building was
overtaken by calamities twice and new structures were built over it until the
last building in 1902 A.D was in badly ruin. It was therefore dismantled and
constructed by the public donations. The ground was then fortified by white
marble pillars, symbols of a consecrated land.
On the western side of the Sima, of great historical importance and
significance, are ten huge stone-pillars in bilingual of Mon and Pali, covered
with inscription on both sides, exception of the 9th and 10th
stones which are inscribed on one-face only. These were set up there in 1476
A.D by King Dhammaceti in order to record the ceremonial relation to the
consecration of Kalyarni-Sima and his works for the services of Buddha's
teaching.The great value of these stone-inscriptions rest on the detailed
information. It gives the early history of Buddhism in Myanmar, of the valid
node of consecrating ordination hall, of the intercourse of Bago and Myanmar
with Ceylon and South India in the 15th century and of the Myanmar
view of apostolic successions of Buddhist monkhood. The language of the first
three-stone is in Pali and that of all the rest are in Mon. Most of these are
more or less broken into fragments but copies of Pali texts on palm-leaf are
still extant.
That holy Kalyarni Sima and stone inscriptions, in presence, could be
studied near to the Shwe Tha Lyaung Buddha Image at Ma-Zinn Ward in Bago and it
plays the vital role in account of the history about Myanmar and Buddhism.
No comments:
Post a Comment