ပဲခူးမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏
ခေါင်းရင်းတော်ကန် တောင်ဘက်တွင် တည်ရှိသည်။ဦးခေါင်းတော်မှာအရှေ့ဘက်သို့ခေါင်းပြုတော်မူပြီး၊အရှေ့အနောက်
လဲလျောင်းတော်မူဟန် ဖြစ်ပါသည်။
ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့သော
မိဂါဒိပ္ပမင်းကပင် တည်ထားကိုးကွယ်ခဲ့သည်။သို့သော်လည်း စစ်ဘေးဒဏ်၊ငလျင်ဒဏ် တို့အပြင်
ဘုရားဖျက်၊ဋ္ဌာပနာဖောက်သူတို့၏ ဒဏ်ကြောင့် ရုပ်ပွားတော်မြတ်ကြီးမှာ ပျက်စီးခဲ့ရပြီး အုတ်ခုံသာ
ကျန်ရစ်ခဲ့သည်။
ရန်ကုန်မြို့မှ ဘုရားဒါယကာမကြီး ရှေ့နေဒေါ်ခင်ကြည်မှ
မတည်လှူဒါန်းငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းဖြင့် စတင်တည်ဆောက်ခဲ့ရာ (၅-၃-၂၀၀၆)(၁၃၆၇ခုနှစ်၊တပေါင်းလဆန်း(၇)ရက်နေ့တွင်)
ဓာတ်တော်၊မွေတော်များ၊ရုပ်ပွားတော်များကို ဋ္ဌာပနာတော်အဖြစ် ထည့်သွင်းလှူဒါန်းခဲ့သည်။
နောင်တော်ကြီး
မြသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ အတိုင်းအတာများမှာ _
၁။အလျားတော် -၂၇၀ ပေ
၂။အမြင့် -၆၃ ပေ
၃။ဦးခေါင်းတော် -၄၅ ပေ
၎။မျက်နှာတော်အရှည် -၂၉ ပေ ၉ လက်မ
၅။ဦးခေါင်းတော်လုံးပတ် -၇၄ ပေ ၈ လက်မ
၆။မျက်လုံးတော်အရှည် -၆ ပေ ၆ လက်မ
၇။မျက်ခုံးတော်အရှည် -၁၁ ပေ
၈။မျက်လုံးတော်အကျယ် -၁၂ ပေ
၉။နှာခေါင်းတော်အရှည် -၈ ပေ
၁၀။နားရွက်တော်အရှည် -၁၇ ပေ
၁၁။နားတော်အကျယ် -၆ ပေ ၄ လက်မ
၁၂။နဖူးတော်အကျယ် -၇ ပေ
၁၃။လည်ပင်းတော်လုံးပတ် -၅၄ ပေ ၆ လက်မ
၁၄။လည်ပင်းတော်အမြင့် -၅ ပေ ၅ လက်မ
၁၅။လက်တော်များ
(က)လက်မတော် -၈ ပေ ၇ လက်မ
(ခ)လက်ညှိုးတော် -၁၃ ပေ ၇ လက်မ
(ဂ)လက်ခလယ်တော် -၁၃ ပေ ၉ လက်မ
(ဃ)လက်သူကြွယ်တော် -၁၃ ပေ ၆ လက်မ
(င)လက်သန်းတော် -၁၃ ပေ ၅ လက်မ
(စ)လက်ဖျံတော်အရှည် -၃၂ ပေ
၁၆။ခြေဖ၀ါးတော်
(က)ခြေဖ၀ါးတော်အရှည် -၃၂ ပေ
(ခ)ခြေဖ၀ါးတစ်ဘက်အကျယ် -၉ ပေ
(ဂ)ခြေဖ၀ါးနှစ်ဘက်အမြင့် -၁၈ ပေ
၁၇။ခြေချောင်းတော်များ
(က)ခြေမတော်အရှည် -၇ ပေ ၄ လက်မ
(ခ)ခြေညှိုးတော်အရှည် -၈ ပေ ၄ လက်မ
(ဂ)ခြေခလယ်တော်အရှည် -၈ ပေ ၆ လက်မ
(ဃ)ခြေသူကြွယ်တော်အရှည် -၆ ပေ ၉ လက်မ
(င)ခြေသန်းတော်အရှည် -၆ ပေ ၄ လက်မ
နောင်တော်ကြီး မြသာလျောင်းရုပ်ပွားတော်မြတ်သည်
ရွှေသာလျောင်းရုပ်ပွားတော်ထက် ပေ(၉၀) ရှည်လျားတော်မူသည်။ရုပ်ပွားတော်မြတ်ကြီးကို ရွှေသာလျောင်းရုပ်ပွားတော်သွားရာ
အ၀င်နေရာတွင် ကြည်ညိုဖွယ် ဖူးတွေ့နိုင်ပါသည်။ရှေးဟောင်းနောင်တော်ကြီးဘုရားအုတ်ခုံမှ
တူးဖော်ရရှိသော ရှေးဟောင်း ရုပ်ပွားတော်များကိုလည်း ခြေရင်းတော်အနီးတွင် ခန်းမဆောင်ပြုလုပ်ကာ
ပြသအဖူးမြှော်ခံထားရှိသည်။
|
No comments:
Post a Comment