AMAZING BAGO

Friday, February 24, 2012

ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးဘုရား

ဘုရားမုခ်ဦးအဝင်
                                                   

ရွှေအောင်ရွေးစေတီတော်


ရွှေအောင်ရွေးစေတီတော်ပေါ်သို့တက်ရာ စင်္ကြံလမ်း


ရွှေအောင်ရွေးစေတီတော်


ရွှေအောင်ရွေးစေတီတော်၏ ဆံတော်ကိန်းရာ ဋ္ဌာပနာတိုက်


ရွှေအောင်ရွေးစေတီတော်၏ ဆံတော်မြတ် ပန်းချီကား


ရွှေအောင်ရွေးစေတီတော်ရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်ကို အနီးကပ်ဖူးမြင်ရစဉ်


ရွှေအောင်ရွေးစေတီတော်ရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်ကို အနီးကပ်ဖူးမြင်ရစဉ်


ရွှေအောင်ရွေးစေတီတော်ရှိ တရားဦးဓမ္မစကြာဟောကြားတော်မူပုံ ရုပ်ပွားတော်


ရွှေအောင်ရွေးစေတီတော်အတွင်းမှ တံခွန်တိုင်နှင့် ဟင်္သာရုပ်



ရွှေအောင်ရွေးစေတီတော်မှ ရွှေမော်ဓောစေတီတော်ကို လှမ်းမျှော် ဖူးမြင်ရစဉ်


ရွှေအောင်ရွေးစေတီတော်ပတ်ဝန်းကျင်မှ စေတီများ








ရွှေအောင်ရွေးစေတီတော်အတွင်းမှရုပ်ပွားတော်


ရွှေအောင်ရွေးစေတီတော်မှ နတ်နန်း


ရွှေအောင်ရွေးစေတီတော်ပေါ်သို့တက်ရာ ဓာတ်လှေကား


            ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးဘုရား

      ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေးဘုရားသည် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ခမွန်ဘော ကုန်းတော်ပေါ်တွင်တည်ရှိသည်။ ပဲခူးအရှေ့ဘက် မြို့ရိုးအလယ်တည့်တည့်တွင် တည်ရှိပြီး၊ရွှေမော်ဓောငယ်(ခေါ်) ရွှေအောင်ရွေးဘုရား ဟုလည်းခေါ်ဆိုကြသည်။
      ခရစ်သက္ကရာဇ် (၁၄၈၃) ခုနှစ်တွင် ဓမ္မစေတီမင်းကြီးက သမိန်ပရမ်းအမတ်ကြီးအား သံတမန်အဖြစ် ခန့်အပ်ကာ သီဟိုဠ်မင်းနှင့် သံဃရာဇာတို့ထံစေလွှတ်ခဲ့သည်။ထိုအခါ သီဟိုဠ်မင်းသည် ဆံတော်မြတ်တစ်ဆူနှင့် စွယ်တော်ပွားနှစ်ဆူကို ဓမ္မစေတီ မင်းထံ ပြန်လည်ဆက်သခဲ့သည်။
      ဓမ္မစေတီမင်းကြီးသည် အတုပါလသာသနာပိုင်ဆရာတော်ကြီးအား ပြသခဲ့ရာ ဘုရားရှင်၏ ဆံတော်မြတ်အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ရွှေမော်ဓောစေတီတော်ကြီး၏ အရှေ့တောင်ဘက် ခမွန်ဘော ကုန်းတော်ပေါ်၌ ခရစ်သက္ကရာဇ် (၁၄၈၃) ခုနှစ်တွင် စေတီတည်ခဲ့ပြီး ဆံတော်မြတ်ကို ဋ္ဌာပနာတော်မူခဲ့သည်။ ခရစ်သက္ကရာဇ် (၁၄၈၃)၊ သက္ကရာဇ် (၈၄၅)ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့တွင် ထီးတော်တင်ပွဲကျင်းပကာ ရွှေမော်ဓောငယ် ဟုသမုတ်ခဲ့သည်။       
       ခရစ်သက္ကရာဇ် (၁၅၆၄) ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ဖိနပ်တော်ထိ အက်ကွဲပြိုကျခဲ့သည်။ ယင်းစေတီတော်ကို ခရစ်သက္ကရာဇ် (၁၅၆၆)၊ သက္ကရာဇ် (၉၂၈) ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၈) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် အုတ်မြစ်စီ မင်္ဂလာပြုလုပ်၍ ပြန်လည်တည်ဆောက်တော်မူခဲ့သည်။၎င်းနှစ် တပေါင်းလပြည့်ကျော် (၅)ရက်၊ စနေနေ့တွင်ပြီးစီး၍ ဆံတော်ရှင် စူဠာမုနိ ဟုဘွဲ့သစ် သမုတ်တော်မူခဲ့သည်။
       ခရစ်သက္ကရာဇ် (၁၅၆၇)၊ သက္ကရာဇ် (၉၂၉) ခုနှစ်၊ တန်ခူးလဆန်း (၁၃) ရက်နေ့တွင် ထီးတော်တင် လှူခဲ့သည်။ကျောင်းနှင့် ဇရပ်တို့ကိုလည်း စေတီ၏ မြောက်ဘက်တွင် တည်ဆောက်လှူဒါန်းခဲ့သည်။ ကျောင်းမှာယခု ရွှေအောင်ရွေးကျောင်းဖြစ်သည်။
       ခရစ်သက္ကရာဇ် (၁၅၉၀) ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ငှက်ပျောဖူးကွဲကာ ထီးတော် မြေခခဲ့သဖြင့် ငါးဆူဒါယကာမင်းသည်  ခရစ်သက္ကရာဇ် (၁၅၉၁)၊ သက္ကရာဇ် (၉၅၃) ခုနှစ်၊ ဝါဆို လတွင်ငှက်ပျောဖူးကို ပြုပြင်၍ ထီးတော်အသစ် တင်လုခဲ့သည်။
         ခရစ်သက္ကရာဇ် (၁၆၃၂) ခုနှစ်တွင် သာလွန်မင်းတရားကြီးသည် စေတီတော်အား အင်္ဂတေအသစ် နှင့်ထပ်မံ ပူဇော်ခဲ့သည်။
           ခရစ်သက္ကရာဇ် (၁၉၃၀) ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် စေတီတော်ခေါင်းလောင်းပုံ အထက်ပိုင်း ပြိုကျပျက်စီးခဲ့ရ ပြန်သည်။ ထိုအပျက်အစီးများအား ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားပြီး
အုတ်များဖယ်ရှားရာမှ ခရစ်သက္ကရာဇ် (၁၉၇၇)ခုနှစ်တွင် ဆင်ပျံရတနာရုပ်ထုနှင့် တွဲလျက်ဌာပနာပြု
လုပ်ပူဇော်ထားသော ဗုဒ္ဓဆံတော်မြတ်အား ရှာဖွေတွေ့ရှိခဲ့သည်။
              အဆိုပါ ဆံတော်မြတ်အား ကြခတ်ဝိုင်း ဆရာတော်ဘုရားကြီးနှင့် ရွှေအောင်ရွေး ဆရာတော်ကြီးတို့၏ သြဝါဒနှင့်အညီဆံတော်ရှင်မြတ်စေတီကို ပြန်လည်တည်ဆောက်ရေးအဖွဲ့ ဖွဲ့၍ တည်ထားကိုး ကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ဆံတော်ရှင် စူဠာမုနိ (ခေါ်) ရွှေအောင်ရွေး ဘုရားစေတီ တော်မြတ်ကြီးအား (၂၆-၂-၂၀၀၇) ရက်နေ့မှ (၂-၃-၂၀၀၇)ရက်နေ့အထိ တပေါင်းလဆန်း (၁၁) ရက်မှ တပေါင်းလပြည့်နေ့အထိ (၅) ရက်တိုင် တိုင် ပွဲတော်ကျင်းပပြီး တင်လှူပူဇော်ခဲ့သည်။
            
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အစစ်အား အနောက်ဘက်မုခ်တွင် အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေငါးနာရီအထိ လာရောက် ကြည်ညိုပူဇော်နိုင်ရန် ဖွင့်လှစ်ထားပါသည်။                                                                                                                                                                                                                                                                                  

No comments:

Post a Comment